အင်ဒိုနီးရှားတွင် ငလျင် နှစ်ကြိမ် လှုပ်ခတ်ခဲ့
ဂျကာတာ။ ။ အင်အား ၆.၆ အဆင့်ရှိသော ငလျင် နှစ်ခုမှာ အင်ဒိုနီးရှား နိုင်ငံ ပါပူဝါ ဒေသတွင် စနေနေ့က လှုပ်ခတ်ခဲ့ကြောင်း အမေရိကန် ဘူမိဗေဒ
တိုင်းတာရေး အဖွဲ့က ထုတ်ပြန်ခဲ့ကာ ဆူနာမီ ဖြစ်စေနိုင်ခြင်း မရှိကြောင်းကိုလည်း ပြောသည်။ အဆိုပါ ငလျင်မှာ ဒေသ စံတော်ချိန် ၁၀ နာရီ ၁၆ မိနစ်တွင် မြေအောက်အနက် ၁၉ မိုင်တွင် ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်ကာ Manokwari မြို့၏ တောင်ဘက် ၈၃ ကီလိုမီတာ အကွာတွင် ဗဟိုပြုခဲ့ခြင်း ဖြစ်ကြောင်းလည်း အမေရိကန် ဘူမိဗေဒ အဖွဲ့မှ ပြောသည်။
ယခုလို ဖြစ်ရပ်အတွက် Manokwari တွင် ပျက်စီးမှုများ မရှိခဲ့ကြောင်း တာဝန်ရှိသူများက ပြောခဲ့သော်လည်း ယင်းမြို့၏ တောင်ဘက် ၈၃ ကီလိုမီတာ အကွာတွင် ရှိသော Ransiki တွင်မူ ထိခိုက်မှုများ ရှိကြောင်း ပြောသည်။ ယခုလို ဖြစ်ရပ်ကြောင့် Ransiki တွင် နေအိမ်များ လှုပ်ရှား ယိမ်းယိုင်ခဲ့ရကာ အချို့သော အဆောက်အအုံများမှာ အသေးစား ပျက်စီးမှုများ ဖြစ်ခဲ့ရကြောင်းလည်း ပြောသည်။ ယခု ငလျင်မှာ လွန်ခဲ့သည့် ၂၀၀၄ ခုနှစ်က အင်ဒိုနီးရှားတွင် လှုပ်ခဲ့သော လူ ၁၇၀၀၀၀ သေဆုံးခဲ့ရသည့် ငလျင် အပြီးတွင် အင်အား အပြင်းထန်ဆုံးလည်း ဖြစ်သည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment