ဘောလီးဝုဒ် သရုပ်ဆောင် အမျိုးသမီး တစ်ဦး ခေါင်းဖြတ် သတ်ခံရ
အိန္ဒိယ နိုင်ငံရှိ Meenakshi Thapar ခေါ် ဘောလီးဝုဒ် သရုပ်ဆောင် မင်းသမီး တစ်ဦးမှာ သူမနှင့်အတူ သရုပ်ဆောင်ဖက် နှစ်ဦးမှ ပြန်ပေးဆွဲပြီး
မိသားစုထံမှ ငွေညှစ်စဉ် ရက်ရက်စက်စက် သတ်ဖြတ်ခံခဲ့ရကြောင်း Agence France-Presse သတင်းတွင် ဖော်ပြသည်။ ယခုလို ပြစ်မှုအတွက် အသက် ၃၆ နှစ် အရွယ်ရှိ Amit Jaiswal နှင့် ၎င်း၏ ချစ်သူ မိန်းကလေး ဖြစ်သူ Preeti Surin မှာ Thapar ကို သတ်ဖြတ်ခဲ့ကြောင်း ဝန်ခံချက် ရရှိထားပြီး ဖြစ်သည်ဟုလည်း ယင်းသတင်း မှ ပြောသည်။
ယင်းလူ နှစ်ယောက်မှာ သူမကို ဖမ်းဆီးခဲ့ကာ ဦးခေါင်းကို ဖြတ်ပြီး အိတ်ဖြင့်ထုပ်လျက် ဘတ်စ်ကား တစ်စီးထက်မှ လွှင့်ပစ်ခဲ့ကာ သူမ၏ ခန္ဓာကိုယ်ကို ရေတိုင်ကီ အတွင်းတွင် စွန့်ပစ်ခဲ့ကြောင်းလည်း သိရသည်။ ယင်းသတ်ဖြတ်သူ နှစ်ဦးမှာ သူမ၏ မိဘများဆီမှ ဒေါ်လာ ၂၈၀၀၀ ကို တောင်းဆိုခဲ့ပြီး မပေးပါက ညစ်ညမ်း ဇတ်ကားတွင် အတင်းအကြပ် သရုပ်ဆောင်စေမည် ဖြစ်ကြောင်း အကြပ်ကိုင်ခဲ့ခြင်း ဖြစ်သည်။ သို့ရာတွင် Thapar ၏ မိခင်မှာ ဒေါ်လာ ၁ ထောင်သာ ပေးခဲ့သဖြင့် ယခုလို ဖြစ်ခဲ့ရခြင်းလည်း ဖြစ်သည်။ ၎င်းတို့ နှစ်ဦးမှာ Thapar နှင့် ရုပ်ရှင် ရိုက်စဉ်က သူမ၏ မိဘများ ငွေကြေး ချမ်းသာမှုကို သိရှိခဲ့ခြင်း ဖြစ်သည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment