စကားလေးတစ်ခွန်းကို သတိရလိုက်တာ ဘာတဲ့....
ချစ်သူနဲ့ အတူတူနေရတဲ့
တစ်မိနှစ် တစ်စက္ကန့်ကို
တစ်ဘ၀လို့ ထင်တက်ကြတယ်တဲ့....
အချစ်ဆိုတဲ့အရာကို ဘယ်လိုတန်ခိုးရှင်ကမှ
လွမ်းမိုးချုပ်ကိုင်လို့ မရပါဘူးလို့
ချစ်သောသူတစ်ယောက်က ပြောခဲ့တယ်နော်။
ဒါပေမယ့် အဆိုးဆုံးတစ်ချက်က
မင်းနဲ့မောင်နဲ့
ပစ္စုပ္ပန်ဘ၀ အတိတ်ကာလမှာ
အရိပ်ပမာ မခွဲခွာပါဘဲ
အမြဲချစ်နေပြီး နှစ်တစ်ရာတိုင်
ချစ်သဒ္ဒါလှိုင်လို့ မပြစ်ခွာနိုင်ဘဲ
သစ္စာခိုင်မြဲ ရှစ်ကမ္ဘာတိုင်လည်း
မောင့်ကိုချစ်ဦးမှာတဲ့ .........။
အခုတော့လည်း အဲဒါတွေက
မောင့်အတွက် ဝေဒနာတွေဖြစ်ပြီး အစဉ်အလာအမျိုးကြီးမယ့်
တစ်ပါးသူရဲ့ မင်္ဂလာသတို့သမီး ဖြစ်နေပြန်ပါရော့လား...
တစ်ချိန်က တစ်ယောက်သောသူရေ......။
No comments:
Post a Comment