"..ထွက်သွားဖို့အဆင်သင့်ဖြစ်နေပြီဆိုမှတော့
အကြောင်းပြချက်ဆိုတာ ငါ့အတွက် မလိုအပ်ပါဘူး.
အချစ်ဆိုတာကို ရင်ခုန်သံ တစ်ခုတည်းနဲ့ ပန္နက်ရိုက်ခဲ့တာ...
အခြေမခိုင် ပြိုလဲခဲ့မယ်ဆိုရင် ခံနိုင်ရည်ရှိဖို့ ပြင်ဆင်ထားပြီးသားပါ.."
"..အေးစက်နေပြီလို့ ပြောတဲ့ ခံစားမှုတွေကို အသက်သွင်းဖို့မကြိုးစားဘဲ..
အသစ်တင်ဖို့ ကြိုး စားတဲ့ နင့်နှလုံးသားကို အပြစ်တင်ဖို့ ငါမကြိုးစားပါဘူး.........
အလွမ်းဆိုတာ ပန်းပန် သလိုပါပဲလို့ ခပ်ပေါ့ပေါ့ပြောတတ်တဲ့ နင့်ကို .......
အချစ်သည်သာ "ဘ၀" ပါလို့ အဆို တင်သွင်းဖို့လည်း အကြံမပေးချင်ပါဘူး....
"...နှလုံးသားဆိုတာ အမိန့်ပေးတိုင်း နာခံတတ်တာမဟုတ်တော့..
ရခဲ့တဲ့ဒဏ်ရာကိုအစိမ်းချုပ်ချုပ်ပြီး ပျောက်အောင်ကုဖို့ ငါမငြင်းဆန်တော့ပါဘူး...
ဒဏ်ရာဆိုတဲ့အတိုင်း သေရာပါ အမာရွတ် တစ်ခုနဲ့ မလှမပဘ၀ဆိုပေမယ့်..
နင်လျှောက်ဖို့အတွက် စတေးခဲ့တဲ့ ငါ့နှလုံးသား တစ်စုံကို တခါတရံ
တော့သတိရပေးစေချင်ပါတယ်.............ထားခဲ့သူရယ်.."
"....ငါ့တစ်ကိုယ်လုံးမီးဟုန်းဟုန်းတောက်နေတာတောင်မှ.....
ကျောက်ရုပ် တစ်ရုပ်လို့ ငြိမ်သက် နိုင်စွမ်းရှိတဲ့..........
မင်းရဲ့ ခံနိုင်ရည်စွမ်းအားကို ငါလိုချင်လိုက်တာမေ့မရပါလား ထားခဲ့သူရယ်.....
နေ့ည တွေသာအိုမင်းသွားပေမယ့် ငါ့ရဲ့ အချစ်တွေကတော့အမြဲနုပျိုရှင်သန်ဆဲပါ...
မင်းမလွမ်းပေမယ့်.........ငါလွမ်းတယ်..................။
မင်းမေ့နိုင်ပေမယ့်........ငါသတိရနေတယ်.............။
မင်းစိမ်းပေမယ့်.......... ငါမယိမ်းဘဲ........အမြဲ ချစ်နေမယ်......ချစ်သူရယ်.
(။သဲ။)
No comments:
Post a Comment