သိပ်ချစ်မိလို့သိပ်လွမ်းရတဲ့အကြောင်း...
နင့်
ကိုသိစေချင်လိုက်တာဟာ.....
ဒါပေမယ့်.....
နှုတ်ကထုတ်ပြောရအောင်လည်း..
ငါ့
ဘ၀ကအတောင်ပံရှိလျက်
နဲ့...
လိုရာမှာပျံသန်းခွင့်မရခဲ့တာလေ...
ရင်နင့်စူးနစ်ခဲ့သမျှတော့...
ဒိုင်ယာရီမှာရင်ဖွင့်မိတယ်...
ရင်မဆံ့လို့ပွင့်အန်ထွက်မိတော့...
နင်
ကရေငုံနှုတ်ပိတ်ဆွံ့အနေသယောင်
ငါ့ ဘက်ကတသွင်သွင်စီးခဲ့သမျှ..
နင့် ဘက်က
ကန်သင်းနဲ့မဆည်ခဲ့ဘူးနော်...
ချစ်သူရေ...
တံခါးမရှိ...ဓားမရှိ...
ငါ့ အချစ်တွေကို...
ဒိုးယိုပေါက်ဖွင့်ထားပါလျက်နဲ့...
နင်ကတော့မျက်တစ်ခတ်စာအကြည့်လေးတောင်မချွေခဲ့ဘူးနော်...
ငါ့ ရဲ့မျှော်လင့်ခြင်းသိုက်တံခါးကို...
အပိုင်းပိုင်းရိုက်ချိုးခဲ့ပြီနော်...
နင့် ချစ်ခဲ့မိလို့...
မချိုမချင်ခံစားနေရပြီးမှတော့...
နင့် ကိုလည်းအပြစ်လို့မဆိုချင်တော့ပါဘူးဟာ...
ငါ့ ထိုက်နဲ့ ငါ့ ကံပေါ့...
ချစ်သူ.....!