သိမ်းထားပါရစေ.
မင်းနဲ့တွေ့မှ ပျောက်ရှသွားတဲ့
မင်းလက်ထဲက ငါရဲ့နှလုံးသား
ထာဝရသိမ်းထားပေးပါကွာ.........။
မင်းနဲ့တွေ့မှ ပျောက်ရှသွားတဲ့
မင်းလက်ထဲက ငါရဲ့အနာဂတ်
ထာဝရသိမ်းထားပေးပါကွာ..........။
မင်းနဲ့တွေ့မှ မပိုင်ဆိုင်ရတော့တဲ့
မင်းလက်ထဲက ငါရဲ့ဘဝ
ထာဝရသိမ်းထားပေးပါကွာ...........။
မင်းနဲ့တွေ့မှ သုံးလို့မရတော့တဲ့
မင်းလက်ထဲက ငါရဲ့မာန ငါ့သိက္ခာ...
ထာဝရသိမ်းထားပေးပါကွာ..........။
ငါကတော့ မင်းနဲံတွေ့တဲ့နေ့ကစပြီး
အမှတ်တရသိမ်းထားတဲ့
အချစ်တွေ အလွမ်းတွေ
သောကတွေ ပူလောင်မှုတွေကို
ငါသေတဲ့အထိ ထာဝရသိမ်းထားမယ်နော်..။