အချစ်ဆိုသည်မှာ......


အချစ်ဆိုသည်မှာ......
ကိုယ်ချစ်တဲ့သူ ပျော်နေတာနဲ့တင်
ကိုယ်ပါ အလိုလို ပျော်နေမိတာမျိုး၊
သူ စိတ်မချမ်းသာချိန်မှာ
ကိုယ်လဲ မပျော်နိုင် ဖြစ်နေတတ်တာမျိုးပါ။

အချစ်ဆိုသည်မှာ.........
အချိန်တိုင်း ကိုယ့်ကိုယ်ကို ရိုးသားမှုရှိနေသလို
ကိုယ်ချစ်တဲ့သူ အပေါ်မှာလဲ အချိန်ပြည့် ရိုးသား နေတာမျိုးပါ။

အချစ်ဆိုသည်မှာ .........
ကိုယ်ချစ်တဲ့သူဟာ ကိုယ့်ဘဝရဲ့ အလိုအပ်ဆုံး
အစိတ်အပိုင်းတစ်ခု ဖြစ်တယ်လို့ နားလည်ခံစား ရတာမျိုးပါ။

အချစ်ဆိုသည်မှာ.........
ကိုယ့် ဘဝ အတွေ့အကြုံတွေကို ကိုယ့်ချစ်သူနဲ့
မျှဝေခံစားရင်း တချိန်ထဲမှာပဲ ကိုယ့်ရဲ့ စိတ်ခံစားမှု၊
စိတ်ကူးယဉ်မှုအာရုံ တွေကိုပါ လွတ်လပ်စွာ ဖမ်းယူနိုင်တဲ့
ငြိမ်းချမ်း လွတ်လပ်မှုကို ခံစားလို့ ရနေတာမျိုးပါ။

အချစ်ဆိုသည်မှာ .......
ဘဝရှေ့ရေးကို အတူတကွ ကြံစည်ညှိနှိုင်းရင်း စိတ်လှုပ်ရှား
ရင်ဖို ရတာမျိုး၊ အလုပ်တစ်ခုကို အတူတကွ
လုပ်ဆောင်ရင်း စိတ်လှုပ်ရှား ရင်ဖို ရတာမျိုးပါ။

အချစ်ဆိုသည်မှာ ..........
မုန်တိုင်းတစ်ခုရဲ့ ဒေါသလဲ ဖြစ်သလို
သက်တန့်တစ်စင်းရဲ့ တည်ငြိမ်လှပမှုလဲ ဖြစ်တယ်။

အချစ်ဆိုသည်မှာ.......
နေ့တဓူဝ ကြုံတွေ့နေရတဲ့ အဖြစ်အပျက်တွေထဲက
ပိုင်ဆိုင်ရယူမှု၊ စွန့်လွှတ်ပေးဆပ်မှု တွေပဲပေါ့။

အချစ်ဆိုသည်မှာ.......
ဘာတွေဘယ်လိုပဲ ဖြစ်ဖြစ် ကိုယ့်ဘေးမှာ
သူအမြဲ ရှိတယ်လို့ ခံစားသိနေတာမျိုး၊
ကိုယ့်ဘေးမှာ သူမရှိရင် လွမ်းနေတတ်ပေမဲ့
ကိုယ့်ရဲ့ နှင်္လုးသားထဲမှာ အချိန်တိုင်း နီးနီးကပ်ကပ်
ရှိနေတယ်လို့ ခံစားနေရတာမျိုးပါ။