အခါခါ ဆုတောင်းနေမိတယ်။
လူတစ်ယောက်ကို ရူးရူးမူးမူးချစ်ခဲ့မိတာ
တကယ်မလွယ်တဲ့ ကိစ္စပါ့လား........။
အခုထိလည်း သည်းသည်းလှုပ်
ချစ်နေတုန်းပါပဲလား.....................။
ဘယ်တော့များမှလည်း အချစ်တွေ
ကုန်ခမ်းသွားလိမ့်မယ်လို့ မထင်သလို
ဘယ်တော့များမှလည်း အချစ်တွေ
လျော့နည်း မသွားတဲ့အပြင်
စက္ကန့်နဲ့အမျှ အချစ်တွေ
ထပ်တိုးနေအုံးမှာပါ.....................။
ဒါတွေ သူသိနေလိမ့်မယ်လို့ ထင်သလို
သူ့ရင်ထဲမှာလည်း အတူရှိနေမယ်လို့
ငါယုံကြည်ထားလိုက်တယ် ..........။
အချိန်တန်တဲ့ တစ်နေ့ .........
ကံကောင်းခြင်းလက်ဆောင်တွေနဲ့အတူ
ငါတို့နှစ်ယောက်ရဲ့ နှလုံးသားဟာ..
၃ နဲ့ ၄ လို ဆန့်ကျင်မနေပဲ....
၎ နဲ့ ၃ လို အတူဆုံဆည်းမဲ့...
နေ့လေးတစ်နေ့ ဖြစ်နေပါစေလို့
မြတ်ဘုရားမှာ အခါခါဆုတောင်းနေမိတယ်..
ငါ့ရဲ့ရင်ထဲက တစ်ယောက်သောသူရယ်.....။