ကမ္ဘာကြီး သိလာလိမ့်မယ်။


ချစ်ရသူရေ......မင်းသွားမယ့်လမ်းမှာ
ငါက ၀န်ထုပ်ဝန်ပိုးတစ်ခုဆိုရင် ငါ့ကို ထားခဲ့လိုက်ပါ။
ချစ်ရသူရေ....မင်းသွားမယ့်လမ်းမှာ
ငါက အနှောက်အယှက်တစ်ခုဆိုရင် ငါ့ကို ဖယ်ရှားလိုက်ပါ။
ချစ်ရသူရေ.....မင်းသွားမယ့်လမ်းမှာ
ငါက မကောင်းဆိုးဝါးတစ်ကောင်ဆိုရင် ငါ့ကို သုတ်သင်ပြစ်လိုက်ပါ။
ချစ်ရသူရေ... မင်းသွားမယ့်လမ်းမှာ
ငါက အဟန့်အတားတစ်ခုဆိုရင် ငါ့ကို ရှင်းပြစ်လိုက်ပါ။
ချစ်ရသူရေ.....မင်းသွားမယ့်လမ်းမှာ
ငါက ဆူးညှောင့်ခလုပ်တစ်ခုဆိုရင်လည်း ငါ့ကို ရှင်းပြစ်လိုက်ပါ။
ချစ်ရသူရေ.... မင်းသွားမယ့်လမ်းကိုပဲ
ဖြောင့်ဖြောင့်လျှောက်လှမ်းပါ။ မင်းထားခဲ့တဲ့အတိုင်းလေးပဲ
ပုံစံမပျက် ဟန်မပျက်ပဲ မင်းလျှောက်မယ့်လှမ်းလေးကို
ငေးမျှော်နေရင်းးးး ငါ့အရိုးတွေမြေခတဲ့အချိန်ထိ
မင်းအပေါ်မှာ စိတ်လေးတစ်မျှင် မငြိုငြင်ပဲ
မင်းအတွက်အချစ်သစ်ပင်တစ်ပင်နဲ့ ငါ့အတွက်
အလွမ်းသစ်ပင်တစ်ပင်ပါ အတူတူစိုက်ပီး မင်းကိုငါချစ်နေမယ်ဆိုတာ
ဒီကမ္ဘာမြေကြီး သိအောင် ငါလုပ်ပြမယ်....ချစ်ရသူရေ။