ငါ ယုံကြည်ပါတယ်ဟာ။
အချိန်က အကောင်းဆုံး သမားတော်ဆိုရင်
ငါ့နှလုံးသားက ဒဏ်ရာအတွက် အမြန်သာဆေးဖော်ပေးပါဟာ......။
မင်းထားခဲ့တဲ့နောက် အမှောင်မှာ လမ်းပျောက်နေသူ တယောက်လို
ငါ့ဘ၀က အလင်းရောင်ပျောက်နေခဲ့ရသူပါဟာ... ။
မစာနာတတ်သူဆိုပြီးတော့ ကိုယ်ချစ်ရတဲ့သူကို
အပြစ်တင်စကားတွေလည်း ပြောမထွက်ခဲ့တာ အခုထိပါဟာ... ။
မင်းပေးခဲ့တဲ့ ဒဏ်ရာတွေနဲ့ ဘယ်နေရာမှာမှ
အဆင်မပြောနိုင်တော့တဲ့ ငါ့ကို မင်းတစ်ချက်မှ မငဲ့တွက်ခဲ့ဘူးနော်။
ငါ့ဘက်က အချစ်စစ်စစ် မဖြစ်ခဲ့တာလား.....?
ထားခဲ့တဲ့မင်းက မချစ်ချင်တော့ တာလား.....?
အမေးတွေများစွာနဲ့မနက်ခင်းတိုင်းလည်း မထူးခဲ့သလို
ရာသီကူးလို့လည်း မေ့မရခဲ့ပါဘူးဟာ.... ။
ငါ့ဘ၀အတွက်အချစ်ဦးလေးမို့.....လေးလေးနက်နက်နဲ့
အမြတ်တနိုး ချစ်နေခဲ့တာပါဟာ.........။
မင်းက ငါ့ကို ချစ်တက်အောင်သင်ပေးသလိုမျိုး
ငါ့ဘ၀ကို အသားကျအောင် အမုန်းတွေပါ သင်ပေးခဲ့ပါ့လားဟာ။
ခုတော့ တစ်ဖက်သတ် အချစ်ဒါဏ်ရာတွေနဲ့
ငါ့ဘ၀ကို မင်းအလဲထိုးသတ်ခဲ့တယ်နော်။
။..................................................။
ငါချစ်တတ်သလောက် ငါမုန်းမရအောင် ပြုစားထားသူရယ်............
ငါ့ကမ္ဘာငယ်မှာ မင်းအတွက် အကြင်နာတွေနဲ့ ဆေးချယ်ထားခဲ့သလို
အလွမ်းပန်းတွေလည်း ပွင့်လန်းနေခဲ့တာပါဟာ..... ။
အခုလိုအချိန်မှာ မင်းဘယ်ဆီရောက်နေလဲ....?
တနေ့တဲ့လား ? ဟာ.................
အဲ့ဒီတနေ့တော့ အချစ်နဲ့အလွမ်းတွေ ရှင်သန်နေတဲ့
ငါ့ဆီ မင်းပြန်လာလိမ့်မယ်ဆိုတဲ့ ယုံကြည်ချက်လေးတစ်ခုနဲ့
ငါထာဝရ ရှင်သန်နေပါရစေဟာ နော်........။
း((း((း((း((း((း((း((း((း((း((