တကယ်ပါဟာ....


အရာအားလုံးကို မင်းအတွက်ရည်စူးပြီး
မင်းစိတ်တိုင်းကျ ငါဖြည်းဆည်းပေးခဲ့ပေမယ့်
စုတ်ပြတ်သတ်နေတဲ့ ငါ့ရင်ဘတ်ထဲကို
မင်းတစ်ချက်မှ ၀င်မကြည့်ခဲ့ဘူးနော်။

မင်းဘဝကို မြင့်မားစေချင်တယ်
မင်းဘဝကို ခမ်းနားစေချင်တယ်
မင်းဘဝကို တင့်တယ်စေချင်တယ်။
မင်းအတွက်ဆို တစ်လောကလုံးကိုအံတုပြီး
တစ်ယောက်တည်း အထီးကျန်စွာနဲ့
ငါ စတေးပေးနိုင်ခဲ့ပါတယ်။

ငါ့ အပူ မင်း မသိ ငါ့ဒုက္ခ မင်း မမြင်
ငါ့ ရပ်တည်မှုကို မင်းဥပက္ခာပြုပြီး
ငါ့ အတွက် မင်းမှာ ဗလာနတ္ထိ
အကြောင်းပြချက် ကင်းမဲ့စွာနဲ့
ငါ့ ရင်ခွင်ကို ခြေစုံပစ်ပြီး
ဒီဇာတ်လမ်း ဒီမှာတင်
အဆုံးသတ်ကြပါစို့လို့ ပြောခဲ့တဲ့သူရေ.....း((း((း((း((

သက်ရောက်မှု့တိုင်းမှာ တန်ပြန်သက်ရောက်မှု့
ရှီနေရမယ်လို့ ငါမဆိုလိုချင်ပါဘူးကွာ။
ဒါပေမယ့်.................
အတိုင်းအဆမဲ့ ပေးဆပ်သူ တစ်ယောက်အတွက်
ထိုက်တန်တဲ့ သက်ရောက်မှု့တော့ ငါ လိုချင်တာအမှန်ပါ။